Acknowledgement and Consent

Omron uses cookies to improve your experience on this website. By continuing to use the website, you hereby agree to our ကိုယ်ပိုင်လွတ်လပ်ခွင့် နှင့် Cokkie မူဝါဒ.

ပိတ်သည်။
Healthcare Asia Pacific
အိမ် > အမေးများသော မေးခွန်းများ > နာကျင်မှုကို ကုသခြင်း

အမေးများသော မေးခွန်းများ

သင့် TENS စက်၏ gels/pads များကို မည်သည့်အချိန်တွင် အစားထိုးသင့်သနည်း။

အကယ်၍ ဂျယ်လ်သည် သင့်အရေပြားတွင် ခိုင်မြဲစွာ မကပ်နိုင်တော့ပါက သို့မဟုတ် ဂျယ်လ်မျက်နှာပြင်၏ 25% ကျော်သည် သင့်အရေပြားနှင့် မထိတွေ့တော့ပါက Gels သို့မဟုတ် Pads များကို အစားထိုးအသုံးပြုရန် 

" သင့် Gel/Pads များ၏ အကောင်းဆုံးစွမ်းဆောင်ရည်ကို ရရှိနိုင်ရန် မည်သို့ပြုလုပ်နိုင် မည်နည်း။"

Gels/Pads များကို မှန်ကန်စွာ ထိန်းသိမ်းခြင်းသည် ၎င်း၏ သက်တမ်းကို တိုးစေပြီး အသုံးပြုမှုတစ်လျှောက် အကောင်းဆုံးစွမ်းဆောင်ရည်ကို ရရှိစေသည်။

အောက်ပါအချက်များမှာ အချို့သော အကြံပြုချက်များဖြစ်သည်-
  • pads များ၏ ဂျယ်မျက်နှာပြင်ကို ထိခိုက်မှုမဖြစ်စေရန် pads များကို အရေပြားပေါ် သို့မဟုတ် ပေးထားသည့် ပလပ်စတစ်အဖုံးပေါ်တွင်သာ တင်ပါ။
  • ဆပ်ပြာ သို့မဟုတ် ဆပ်ပြာမှုန့်များ ကို သင့်အရေပြားပေါ်သို့ မလိမ်းပါနှင့်။
  • အဖုံးများကို တစ်ခုနှင့်တစ်ခု အပေါ်ထပ်မတင်ပါနှင့်။* စိုစွတ်သောလက်ဖြင့် pad များကို မကိုင်ပါနှင့်၊ စိုနေသော pads ကို မကပ်ပါနှင့်။
  • နေရောင်ခြည်တိုက်ရိုက်ကျရောက်သောနေရာ၊ အပူချိန်မြင့်မားသော သို့မဟုတ် အပူချိန်နိမ့်သော နေရာ၊ စိုစွတ်သောနေရာ၊ မီးနှင့်နီးသောနေရာ၊ တုန်ခါမှု သို့မဟုတ် ရှော့ရိုက်ခံရနိုင်သည့်နေရာများတွင် မထားပါနှင့်။
  • Gels/Pads များ၏ ကပ်တွယ်မှုနှင့် လုပ်ဆောင်ချက်ကို ထိခိုက်စေနိုင်သောကြောင့် Gels/Pads များကိုကွေးခြင်း သို့မဟုတ် ခေါက်ခြင်းမပြုပါနှင့်။
  • စက် အသံုးပြုနေစဉ် သို့မဟုတ် သိမ်းဆည်းနေစဉ်အတွင်း Gels/Pads များ၏  ကြိုးများကို ကွေးခြင်း သို့မဟုတ် ခေါက်ခြင်းမပြုပါနှင့်။
  • Long Life Pads များကို 10 ကြိမ်အထိ ဆေးကြောနိုင်သည်၊ ကျေးဇူးပြု၍ Pads ကို သန့်ရှင်းရေးပြုလုပ်နိုင်သည့် ညွှန်ကြားချက်ကို သေချာလိုက်နာပါ။
စောင့်ရှောက်မှုနှင့် ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ နောက်ထပ်အချက်အလက်များအတွက်၊ ညွှန်ကြားချက်လက်စွဲကို ဖတ်ရှုပါ။

Long-life Pads တွေကို ဘယ်လို သန့်ရှင်းရေးလုပ်မလဲ။

Pads များသည် ထပ်ခါတလဲလဲ အသုံးပြုရန်အတွက် ဒီဇိုင်းထုတ်ထားပါသည်။ သင်ဆေးကြောသည့်အကြိမ်၊ အရေပြားအခြေအနေနှင့် သိမ်းဆည်းပုံအပေါ်မူတည်၍ 10 ကြိမ်ခန့်အထိ ရေဆေးနိုင်ပြီး 150 ကြိမ်အထိ အသုံးပြုနိုင်ပါသည်။

အောက်ပါအချက်များမှာ အရေးကြီးသော အကြံပြုချက်များဖြစ်သည်-
  • Pads များကို ရေအေးအောက်တွင် လက်ထိပ်ကလေးများဖြင့် ညင်သာစွာ ဆေးကြောပါ
  • ရေမြှုပ်/အ၀တ်စ/ ကပ်ခွာဘေးရှိ ချွန်ထက်သောအရာများ၊ ဆပ်ပြာများ၊ ဓာတုပစ္စည်းများ ကို မသုံးပါနှင့်။
  • Pads တွေကို အကြာကြီး ဒါမှမဟုတ် မကြာခဏ မဆေးပါနှင့်။ Pad များကို 15 ကြိမ်အသုံးပြုပြီးပါက ဆေးကြောနိုင်ပါသည်။
  • ကပ်ခွာများ စေးကပ်လာပါက သို့မဟုတ် pad မှ ကျွတ်သွားပါက pad ကို ရေခဲသေတ္တာထဲတွင် ထားပါ။ (တစ်ညလုံး အခဲမခံပါနှင့်) ထိုအခါကပ်ငြိမှုကို ပြန်လည်ရရှိစေနိုင်သည်။

လျှပ်စစ်သုံး အာရုံကြောနှိုးဆွနည်း (TENS) ဆိုသည်မှာ အဘယ်နည်း။

TENS ဆိုသည်မှာ ဆေးမသုံး၊ ခွဲစိတ်စရာ မလိုဘဲ နာကျင်သည့်နေရာအနားရှိ အရေပြားတွင် လျှပ်စစ်သုံးအာရုံကြောနှိုးဆွနည်းဖြင့် ကြွက်သားနှင့် အရိုးအဆစ်များ နာကျင်မှုကို သက်သာစေရန် တီထွင်ထားခြင်းဖြစ်သည်။

TENS က ဘာလုပ်ပေးသနည်း။

TENS သည် နာကျင်မှုကို ဦးနောက်သို့ မရောက်စေရန် တားဆီးပေးခြင်း၊ အန်ဒိုဖင်းဟုခေါ်သော သဘာဝ အကိုက်အခဲ ပျောက်ဆေးအား ထုတ်ရန်ကူညီပေးခြင်း၊ သွေးလည်ပတ်မှုကောင်းစေခြင်း စသည်ဖြင့် ကူညီပေးပါသည်။

အွမ်ရွန်နာကျင်မှု သက်သာစေသည့် ပစ္စည်းများနှင့် ပတ်သတ်၍ ပိုမိုသိရှိလိုပါက ဤတွင်နှိပ်ပါ။

TENS သည် မည်သို့အလုပ်လုပ်သနည်း။

TENS သည် နည်းလမ်းနှစ်မျိုးဖြင့် နာကျင်မှုကို သက်သာစေသည်။

စံကြိမ်နှုန်းမြင့်နည်းလမ်း
၁။ ကြိမ်နှုန်းအား တစ်စက္ကန့်လျှင် အကြိမ် ၆၀ နှင့် အထက် သတ်မှတ်ထားပါသည်။
၂။ ဓာတ်ငုတ်နှစ်ခုကြားတွင် တုန်ခါခြင်း သို့မဟုတ် ကျဉ်ခြင်းကို ဖြစ်စေသည်။
၃။ ခန္ဓာကိုယ်မှ ထုတ်လွှတ်သည့် နာကျင်မှုထက်ပိုသော လျှပ်စစ်ဓာတ်ကို ထုတ်လွှတ်ပေးသည်။ ၎င်းသည် နာကျင်မှုထက် ပိုအားပြင်းသောကြောင့် အာရုံကြောမှ ဦးနှောက်သို့ ပေးပို့သည့် နာကျင်မှုလမ်းကြောင်းကို ပိတ်ပင်ပေးသည်။
၄။ ရုတ်တရက်နာကျင်မှုကို သက်သာစေသည်။

ကြိမ်နှုန်းနိမ့်နည်းလမ်း
၁။ ကြိမ်နှုန်းအား တစ်စက္ကန့်လျှင် ၁၀ကြိမ်အောက် သို့မဟုတ် တစ်ချက်ချင်း နှိပ်သည့်ပုံစံဖြင့် သတ်မှတ်ထားပါသည်။
၂။ ကြွက်သားများ တဆတ်ဆတ်တုန်ခြင်းကို မျက်မြင်တွေ့နိုင်သည်။
၃။ ခန္ဓာကိုယ်မှ ဤလှုံ့ဆော်မှုအတွက် အန်ဒိုဖင်းဟုခေါ်သော သဘာဝအကိုက်အခဲပျောက်ဆေးအား ထုတ်ပေးသည်။
၄။ ၎င်းအန်ဒိုဖင်းသည် အာရုံကြောအား ဓာတုနည်းဖြင့် ပိတ်ပင်ပြီး နာကျင်သည့် ခံစားမှုအား အာရုံကြောတစ်လျှောက် ပျံ့မသွားစေရန် တားဆီးပေးသည်။
၅။ နာတာရှည် နာကျင်မှု၊ အကြောတောင့်တင်းမှုနှင့် ထုံကျင်ခြင်းများကို သက်သာစေသည်။

TENS သည် ကျွန်ုပ်၏ နာကျင်ခြင်းအား မည်သို့ သက်သာစေသနည်း။

ဆေးမလိုဘဲ ရိုးရှင်းသည့် နည်းလမ်းဖြင့် ကြွက်သားနှင့် အရိုးအဆစ်များ နာကျင်မှုကို သက်သာစေပါသည်။ သင်ကိုယ်တိုင်ထိန်းချုပ်နိုင်ပြီး နာကျင်သည့်နေရာတွင် ညင်သာစွာနှိပ်နယ်ပေးခြင်းဖြင့် သက်သာစေပါသည်။

အွမ်ရွန်နာကျင်မှုသက်သာစေသည့် ပစ္စည်းများနှင့် ပတ်သတ်၍ပိုမိုသိရှိလိုပါက ဤတွင်နှိပ်ပါ။

TENS သည် စိတ်ချရပါသလား။

TENS သည် ဆေးပညာရှင်များ ညွှန်ကြားထားပြီး သမားတော်များ၊ အကြောပြင်အထူးကုများ၊ ကိုယ်လက်ပြန်လည်သန်စွမ်းရေးအထူးကုများ နာကျင်မှုသက်သာစေရန် နှစ်၃၀ကြာအောင် သုံးစွဲခဲ့ကြပြီး ဖြစ်သည်။

အွမ်ရွန်နာကျင်မှုသက်သာစေသည့် ပစ္စည်းများနှင့် ပတ်သတ်၍ပိုမိုသိရှိလိုပါက ဤတွင်နှိပ်ပါ။

TENS ကို မည်သူတို့ သုံးစွဲနိုင်သနည်း။

ကြွက်သားနှင့် အရိုးအဆစ်နာကျင်သည့် အရွယ်ရောက်ပြီးသားမည်သူမဆို သုံးနိုင်သည်။ သို့သော် ကလေးများ၊ ကိုယ်ဝန်ဆောင်များ၊ ခန္ဓာကိုယ်တွင်စက်ထည့်ထားသည့်သူများ အသုံးမပြုသင့်ပါ။ သင်၏ ကျန်းမာရေးနှင့် ပတ်သတ်၍ သိလိုပါက ဆရာဝန်အား မေးမြန်းပါ။

ကပ်ခွာများကို မည်မျှကြာအောင်အသုံးပြုနိုင်သနည်း။

ကပ်ခွာများကို အကြိမ်၁၅၀ သို့မဟုတ် နေ့စဉ်သုံးမည်ဆိုလျှင် ၅ လ အသုံးပြုနိုင်သည်။ ကပ်ခွာများကို ကပ်ခွာထည့်သည့်အိတ်တွင် သိမ်းဆည်းပြီး လိုအပ်ပါက သန့်ရှင်းရေးလုပ်ပါ။ ၁၀ ကြိမ်အထိ သန့်ရှင်းရေး လုပ်နိုင်သည်။

ကပ်ခွာများအား မည်မျှ အကွာအဝေး ခြားထားရမည်နည်း။

ကပ်ခွာများအား ခြောက်သွေ့သန့်ရှင်းသည့် အရေပြားပေါ်တွင် အနည်းဆုံး ၁ လက်မ ခန့်ခွာထားပါ။ ကပ်ခွာများသည် အချင်းချင်း ထိမနေရ။ ထပ်မနေရ။